ဘာမင်ဂန် အသင်းပိုင်ရှင်ကို ထောင် ၆ နှစ်ချ

ဓာတ်ပုံ မူပိုင် AFP
Image caption ဘာမင်ဂန်စီးတီး အသင်းပိုင်ရှင် Carson Yeung

အင်္ဂလန်က ဘာမင်ဂန် စီးတီး ဘောလုံးအသင်း ပိုင်ရှင် ဟောင်ကောင် စီးပွားရေးသမား Carson Yeung ကို ငွေကြေး ခဝါချမှုနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

မစ္စတာ ယန်းကို အမေရိကန် ဒေါ်လာ ၉၃ သန်းကို ငွေကြေး ခဝါချမှု လုပ်ခဲ့တယ် ဆိုတဲ့ စွဲချက် ၅ ခုနဲ့ ပြစ်မှု ထင်ရှားတာကြောင့် ဟောင်ကောင် တရားရုံး တရုံးက အခုလို အမိန့်ချလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ ယန်းကတော့ သူဟာ ဆံပင်အလှပြင် လုပ်ငန်း၊ ရှယ်ယာ အရောင်းအဝယ် လုပ်ငန်း၊ အိမ်ခြံမြေ အရောင်းအဝယ် လုပ်ငန်းနဲ့ လောင်းကစားမှုတွေကနေ အခုလို ငွေကြေး ကြွယ်ဝလာတာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ