ဆိုချီ မသန်စွမ်း အိုလံပစ် ယူကရိန်း ဝင်ပြိုင်မယ်

Image caption ရုရှားအပြုအမူကို ကမ္ဘာက သိအောင် လုပ်တဲ့အနေနဲ့ ဝင်ပြိုင်မယ်

ယူကရိန်း မသန်စွမ်း အိုလံပစ် အားကစား သမားတွေဟာ ဒီကနေ့ ဖွင့်လှစ်မယ့် ဆိုချီ ဆောင်းရာသီ မသန်စွမ်း အိုလံပစ်မှာ ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

မသန်စွမ်း အိုလံပစ်ကို သပိတ်မှောက်ဖို့ ပထမက သူတို့ ဆုံးဖြတ်ခဲ့ပေမယ့် ခရိုင်းမီးယားမှာ ရုရှတပ်တွေ ရှိနေတာနဲ့ အဲဒီမှာ ဖြစ်နေတာတွေကို ကမ္ဘာက သိအောင် လုပ်တဲ့အနေနဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်တာလို့ ယူကရိန်း မသန်စွမ်း အားကစားအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။

ပြိုင်ပွဲ ကျင်းပစဉ်အတွင်း ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင် အာမခံဖို့ ရုရှသမ္မတ ပူတင်ကို ပြောခဲ့တယ်လို့လည်း မသန်စွမ်း အားကစားအဖွဲ့ ခေါင်းဆောင်က ဆိုပါတယ်။

ယူကရိန်း နိုင်ငံ ခရိုင်းမီးယား ဒေသမှာ ရုရှားတို့ရဲ့ အပြုအမူကြောင့် ဒီကနေ့လုပ်မယ့် ဆိုချီ ဆောင်းရာသီ မသန်စွမ်း အိုလံပစ် ဖွင့်ပွဲကို နိုင်ငံတကာက နိုင်ငံရေးသမားတွေ ဧည့်သည်တော်တွေ တော်တော်များများ မတက်ဘူးလို့ ပြောကြပါတယ်။

အမေရိကန် အစိုးရကလည်း ဖွင့်ပွဲတက်မယ့် သူတို့ရဲ့ ကိုယ်စားလှယ် အဖွဲ့ကို ပြန်ခေါ်ခဲ့ပြီး ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အများအပြားကလည်း အလားတူ ကိုယ်စားလှယ်တွေကို ပြန်ခေါ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ