ဂါဇာကမ်းမြှောင်မှာ အစ္စရေး လေကြောင်းတိုက်ခိုက်

ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စရေး စစ်သားတွေ ပစ်ခတ်ခံရလို့ တိုက်ခိုက်တာလို့ဆို

ဂါဇာ ကမ်းမြှောင် ဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၃ ဦး သေဆုံးသွားပါတယ်။

သေဆုံးသွားသူတွေဟာ သူတို့ရဲ့ အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့က ကြေညာခဲ့ပါတယ်။

ရာဖာဒေသရဲ့ အရှေ့ဘက်ခြမ်းမှာ အစ္စရေး စစ်သားတွေ သေနတ်နဲ့ အပစ်အခတ် ခံခဲ့ရပြီးတဲ့နောက် ဒီလို တိုက်ခိုက်ခဲ့တာလို့ အစ္စရေး စစ်ဘက်က ပြောပါတယ်။

အစောပိုင်းက အဲဒီအရပ်မှာပဲ အစ္စရေးရဲ့ လူမဲ့လေယာဉ် ဒရုန်းတစ်စင်း ပျက်ကျခဲ့ပါသေးတယ်။ ဒါဟာ နည်းပညာဆိုင်ရာ ချို့ယွင်းမှုကြောင့်လို့ အစ္စရေးလ် စစ်တပ်က ပြောခဲ့ပြီး အကြောင်းရင်းကို ဆက်လက် စုံစမ်းသွားမယ်လို့ ဆိုပါတယ်။

ဂါဇာ ကမ်းမြှောင်မှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ လှုပ်ရှားမှုကို ထောက်လှမ်းဖို့ အစ္စရေးက လူမဲ့ ဒရုန်းတွေ အသုံးပြုနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ