ကိုင်ရိုမြို့မှာ စစ်တပ် ဘတ်စကား ပစ်ခတ်ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption အစ္စလမ်မစ် အဖွဲ့တွေကို ရှင်းလင်းပြီးသည့်တိုင် တိုက်ခိုက်မှု ပေါ်ပေါက်လာ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ စစ်တပ် ဘတ်စကား တစ်စီးကို မျက်နှာဖုံးစွပ် သေနတ် သမားတွေက ပစ်ခတ်ခဲ့လို့ စစ်တပ်အရာရှိ တစ်ဦး သေဆုံး သွားပြီး တခြား ၃ ဦး ဒဏ်ရာ ရရှိသွားပါတယ်။

ကိုင်ရို မြို့တော်မှာ အခုလို စစ်မှုထမ်းတွေ တိုက်ခိုက် ခံရတာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

အီဂျစ် စစ်တပ်ကတော့ မတရားအသင်း အဖြစ် ကြေညာခံထားရတဲ့ မူဆလင်ညီနောင်များ အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ ချက်ချင်း ဆိုသလို ပြောကြားလိုက်ပါတယ်။

မွတ်ဆလင် ညီနောင်များအဖွဲ့ကတော့ စစ်တပ်ဟာ အရင်တုန်းကလည်း အခုလို စွပ်စွဲမှုတွေ လုပ်ခဲ့တယ်လို့ ပြောပြီး စွပ်စွဲမှုတွေကို ငြင်းဆိုလိုက်ပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ စစ်တပ် ဦးစီးချုပ် ဖီးမာရှယ် Abdel Fattah al-Sisi ဝင်ပြိုင်မယ်လို့ ကြေညာဖို့ ရှိနေချိန်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ