ပဟေဠိ ဖြစ်နေတဲ့ မလေးရှား လေယာဉ်ပျံ

malaysia ဓာတ်ပုံ မူပိုင် Reuters
Image caption မလေးရှား လေယာဉ် စုံးစမြုပ်စ ပျောက်နေဆဲ

ခရီးသည် ၂၃၉ ယောက်နဲ့ အတူ အရင် တပတ်က ပျောက်ဆုံး သွားတဲ့ မလေးရှား လေကြောင်းက လေယာဉ် ဆက်သွယ်ရေး စနစ်တွေ ပျက်ပြား ချို့ယွင်းအောင်လုပ်တဲ့ သဘောတွေ့ရတယ်လို့ မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောကြား လိုက်ပါတယ်။

လေယာဉ်ပေါ် ပါသူ တယောက်က တမင် လုပ်သလား ဆိုတဲ့ တွေးစရာ တွေလည်း ရှိတယ်လို့ သူက ဆိုပါတယ်။

နောက်ဆုံး တွေ့ရှိချက် တွေ အရ လေယာဉ် လှည့်ပြန် လာတယ် လို့ အတည်ပြု နိုင်ကြောင်းလည်း မစ္စတာ ရာဇက်က ပြောပါတယ်။

တောင်တရုတ် ပင်လယ်က လေယာဉ် ရှာဖွေရေးတွေ အဆုံးသတ် ပြီး အာရှ အလယ်ပိုင်း ကာဇက်စတန် နိုင်ငံ နယ်စပ်က ထိုင်းနိုင်ငံ မြောက်ပိုင်း ထိ ကျယ်ပြန့် တဲ့ နယ်မြေနဲ့ အင်ဒိုနီးရှား က အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းထိ ကျယ်ဝန်းတဲ့ တောင်ပိုင်း နယ်မြေ တွေမှာ ပြန်ပြီး အာရုံစိုက် ရှာဖွေ သွားမယ်လို့ သူက ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ