စတော့ခ် စျေးကွက်မှာ Weibo ရှယ်ယာတွေ စရောင်းတော့မယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption တရုတ် နိုင်ငံမှာ ထင်ရှားကျော်ကြား လူကြိုက်များတဲ့ Weibo အင်တာနက်

တရုတ် နိုင်ငံမှာ လူကြိုက်များတဲ့ Weibo အင်တာနက် ကုမ္ပဏီဟာ နယူးယောက် စတော့ခ် စျေးကွက်မှာ ရှယ်ယာတွေ စရောင်းတော့မယ် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

Twitter နဲ့ အလားသဏ္ဍာန်တူတဲ့ ဝေဘို အစုရှယ်ဟာ ဒေါ်လာ သန်းငါးရာဖိုး ထုတ်ရောင်းမယ်လို့ မိခင် ကုမ္ပဏီ ဖြစ်တဲ့ Sina Corp က မှန်းထားပါတယ်။

တရုတ် နိုင်ငံမှာ တလကို ဝေဘို အင်တာနက် စာမျက်နှာ အသုံးပြုသူ သန်း၁၃၀ နီးပါး ရှိပါတယ်။

ဝေဘို အင်တာနက် စာမျက်နှာဟာ အခုလို လူကြိုက်များပေမယ့် ပြိုင်ဖက် အင်တာနက် ကုမ္ပဏီတွေ အများအပြား ပေါ်ပေါက်လာမှု အပါအဝင် စိန်ခေါ်မှု တော်တော်များများ ရင်ဆိုင်နေရတယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။