ခရိုင်းမီးယား ဆန္ဒခံယူပွဲ မဲပေးသူများတယ်လို့ ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှအများစုနေကြတာကြောင့် ဆန္ဒခံယူပွဲ ရလာဒ်က အဖြေထွက်ပြီးသား

ခရိုင်းမီးယားဒေသ ယူကရိန်းက ခွဲထွက်ပြီး ရုရှားနဲ့ ပေါင်းမပေါင်း လူထုဆန္ဒ ခံယူပွဲ မှာ ခရိုင်မီးယား ပြည်သူတွေ မဲပေးနေကြပါပြီ၊

ခရိုင်မီးယား ရွေးကောက်ပွဲကော်မရှင်ကတော့ လောလောဆယ် မဲပေးပိုင်ခွင့်ရှိသူ ၅၀ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီကနေ့ မဲပေးပွဲမှာ လူတွေဟာ သီချင်တွေဆို ရုရှအလံ ခရိုင်မီးယားအလံတွေ ဝှေ့ယမ်းပြီးတဦးနဲ့တဦး ပျော်ရွင်စရာ မဲပေးတဲ့နေ့ဖြစ်ပါစေဆိုတဲ့ ဆန္ဒပြုမှုတွေနဲ့ ပွဲတော်တခုလို ကျင်းပခဲ့တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ရုရှာ လိုလားတဲ့ ဒေသန္တရ အစိုးရက ကြီးမှုးကျင်းပတဲ့ ဒီ ဆန္ဒခံယူပွဲဟာ

တရားမဝင်ဘူးလို့ ယူကရိန်းအစိုးရနဲ့ သူတို့ရဲ့ မဟာမိတ် အနောက်နိုင်ငံတွေကတော့ အခိုင်အမာ ပြောနေကြပါတယ်။

ခရိုင်းမီးယားမှာရှိတဲ့ လူဦးရေး ၂ သန်းအနက် အများစုဟာ ရုရှားမျိုးနွယ်တွေ ဖြစ်ကြတာကြောင့် ဆန္ဒခံယူပွဲ ရလဒ်ဟာ အဖြေပေါ်ပြီးသားဖြစ်တယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ခရိုင်းမီးယားနေ လူဦးရေရဲ့ ၁၂ ရာခိုင်နှုန်းဖြစ်တဲ့ တာတာလူမျိုးတွေကတော့ ဆန္ဒခံယူပွဲကို သပိတ်မှောက်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ