နောက်ဆုံးစကားကို တွဲဖက်လေယာဉ်မှူးက ပြောခဲ့

ဓာတ်ပုံ မူပိုင် AFP
Image caption ဖြစ်နိုင်တဲ့ လမ်းကြောင်း ၂ခုကို စစ်ဆေးနေ

မလေးရှား လေကြောင်းလိုင်းရဲ့ လေယာဉ် မပျောက်ဆုံးခင်က မြေပြင် ထိန်းချူပ်ရေး ဌာနကို နောက်ဆုံး စကားပြောဆို ဆက်သွယ်ခဲ့သူဟာ လေယာဉ်ရဲ့ တွဲဖက် လေယာဉ်မှုး ဖြစ်တယ်လို့ ယူဆကြောင်း မလေးရှား အာဏာပိုင်တွေက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အဲဒီ နောက်ဆုံး စကားလုံးတွေ ဖြစ်တဲ့ 'ကောင်းပါပြီ၊ မင်္ဂလာ ညပါ' လို့ ပြောခဲ့တာဟာ လေယာဉ်မှာ တပ်ဆင်ထားတဲ့ ခြေရာခံ ကိရိယာစက်ကို မပိတ်ခင်လား၊ ပိတ်ပြီးမှလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

လေယာဉ် ပျောက်ဆုံးနေမှုမှာ လေယာဉ် ဝန်ထမ်းတွေရဲ့ ပယောဂ ပါနိုင်ဖွယ်ရာ ရှိတာကိုလည်း စုံစမ်း စစ်ဆေးနေသူတွေက ထည့်သွင်း စဉ်းစား နေကြပါတယ်။

လေယာဉ်နဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်ခဲ့ပြီးနောက် လေယာဉ်ဟာ နာရီပေါင်းများစွာ ဆက်လက် ပျံသန်းခဲ့တယ်လို့ ယူဆထားကြရာမှာ အဲဒီလို ပျံသန်းခဲ့ဖို့ ဖြစ်နိုင်တဲ့ လမ်းကြောင်း၂ ခုကို နိုင်ငံတကာ ရှာဖွေရေး အဖွဲ့တွေက စစ်ဆေးလျက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ