သတင်း မထူးလို့ ဆွေမျိုးတွေ မကျေနပ်မှု တိုးမြင့်

ဓာတ်ပုံ မူပိုင် Reuters
Image caption လုံခြုံရေးတွေ ခေါ်ထုတ်သွားရတဲ့ ဆွေမျိုးတစ်ဦး

လွန်ခဲ့တဲ့ ၁၂ ရက် ကတည်းက ပျောက်ဆုံး နေတဲ့ မလေးရှားလေယာဉ်နဲ့ ပတ်သက်ပြီး အခုထက်ထိ တိကျတဲ့ သတင်းတစုံတရာ မရသေးတဲ့ အတွက် ခရီးသည်တွေရဲ့ ဆွေမျိုးတွေမှာ မကျေမနပ် ဖြစ်မှုတွေ တိုးမြင့်လာနေကြပါတယ်။

သာဓက တစ်ခုအဖြစ် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ မလေးရှားနိုင်ငံရဲ့ ပြန်ကြားရေး မီဒီယာ စင်တာမှာ သတင်းသမားတွေနဲ့ တွေ့ဖို့ ကြိုးစားခဲ့တဲ့ ခရီးသည်တွေရဲ့ အမျိုးတွေလို့ ယူဆရသူ ၂ ဦးကို လုံခြုံရေးတွေက ဆွဲထုတ်သွားရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။

သတင်းတွေ မျှော်လင့်နေကြတဲ့ တရုတ်ပြည်က မိသားစုဝင်တွေနဲ့ ထိတွေ့ ဆက်ဆံပေးဖို့ အဖွဲ့တစ်ခု စေလွှတ်ပေးကောင်း ပေးမယ်လို့ မလေးရှား အစိုးရက ပြောထားပါတယ်။

နိုင်ငံတကာ ရှာဖွေရေး အဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့ လေယာဉ် နောက်ဆုံး ဖြတ်ပျံခဲ့နိုင်တယ်လို့ တွက်ဆထားထားတဲ့ အာရှ အလယ်ပိုင်း ဒေသပေါ်က မြောက်ပိုင်း လမ်းကြောင်းမှာရော၊ အိန္ဒိယ သမုဒ္ဒရာ အထက်က တောင်ပိုင်း လမ်းကြောင်းမှာပါ ရှာဖွေမှုတွေ ဆက်လက် ဆောင်ရွက်နေကြဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ