ခရိုင်းမီးယားက ယူကရိန်း စစ်စခန်း သိမ်းပိုက်ခံရ

ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း အရာရှိတွေ စစ်စခန်းက ထွက်ခွာစဉ်

ရုရှားက ခရိုင်းမီးယား ကျွန်းဆွယ်ကို ရုရှား ဖက်ဒရေရှင်းထဲ ပေါင်းထည့်လိုက်ပြီး နောက်တစ်နေ့မှာပဲ ခရိုင်းမီးယား ဆိပ်ကမ်းမြို့ Sevastopol က ယူကရိန်း ရေတပ် အခြေစိုက် စခန်းထဲကို လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရုရှ လိုလားသူတွေ ရာနဲ့ချီပြီး စီးနင်း၀င်ရောက်ကာ ရုရှအလံတွေ လွှင့်ထူလိုက်ကြပါတယ်။

Sevastopol ကာကွယ်ရေးအဖွဲ့လို့ မှည့်ခေါ်ထားတဲ့ အဲဒီ အုပ်စုဝင် တစ်ယောက်ဖြစ်သူ Viktor Melnikov က ပြောရာမှာ သွေးတစ်ပေါက် မစွန်းစေဘဲ အားလုံး အဆင်ပြေခဲ့ပြီး၊ ယူကရိန်း ရေတပ်အရာရှိတွေ စခန်းထဲက ထွက်သွားတဲ့အခါ လူတွေက လက်ခုပ်တီး ဂုဏ်ပြုခဲ့တယ်လို့ ပြောသွားပါတယ်။

အဲဒီ ရေတပ်စခန်းရဲ့ အကြီးအကဲ ဖြစ်သူကို စခန်းကနေ ခေါ်ထုတ်သွားကြတယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

အခြားအဆင့် ယူကရိန်း တပ်သား တော်တော်များလည်း စခန်းက ထွက်ခွာသွားကြတာကို အစောပိုင်းက တွေ့ခဲ့ကြရပါတယ်။

ခရိုင်းမီးယားရဲ့ အနောက်ဘက်ပိုင်း Novoozerne မှာ ရှိတဲ့ နောက်ထပ် ယူကရိန်း ရေတပ်စခန်း တစ်ခုကိုလည်း ရပ်ရှားလိုလားတဲ့ တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပါတယ်။

ယူကရိန်းက သူတို့ရဲ့ အစိုးရဝန်ကြီး ၂ ယောက် ခရိုင်းမီးယားထဲ ဝင်ရာမှာ အတားအဆီး ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီ ဝန်ကြီး ၂ ဦးဟာ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းပေးဖို့ ခရိုင်းမီးယားထဲ သွားရောက်တာလို့ ဆိုပေမယ့် ရုရှားလိုလားတဲ့ လက်ရှိ ခရိုင်းမီးယား အာဏာပိုင်တွေကတော့ ခွင့်မပြုခဲ့ပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ