ရုရှားအပေါ် ပိတ်ဆို့မှုအသစ် အီးယူ ချမှတ်မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption G-8 အဖွဲ့ မရှိတော့ဘူးလို့ ဂျာမနီဝန်ကြီးချုပ် ပြော

ဥရောပ သမဂ္ဂ အီးယူရဲ့ ခေါင်းဆောင်တွေ ဒီကနေ့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ တွေ့ဆုံ ဆွေနွေးကြတဲ့အခါ ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ချမှတ်ဖို့ သဘောတူကြမှာ ဖြစ်တယ်လို့ ဂျာမနီ ဝန်ကြီးချုပ် အန်ဂျလာ မာကဲလ်က ပြောပါတယ်။

ဂျာမနီ ပါလီမန်မှာ မာကဲလ်က ပြောကြားရာမှာ ယူကရိန်း အပေါ် ရုရှားတို့ရဲ့ လုပ်ဆောင်မှုတွေအရ ရုရှား ပါဝင်တဲ့ စက်မှုအင်အားကြီး ၈ နိုင်ငံ G-8 အဖွဲ့ ဆက်လက် ရှိမနေတော့ဘူး ဆိုတာကို ပြလိုက်တဲ့ သဘောပဲလို့ သူမက ဆိုပါတယ်။

တနင်္လာနေ့တုန်းကတော့ ရုရှားနဲ့ ခရိုင်းမီးယား အရာရှိ ၂၁ ဦးကို အီးယူက ဗီဇာ ပိတ်ပင်လိုက်ပြီး၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထိန်းချုပ်လိုက်ပြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကတော့ မော်စကိုမှာ သမ္မတ ပူတင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ