ရုရှ အပေါ် အမေရိကန် ဒဏ်ခတ် ပိတ်ဆို့

UKRAINE ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှ စီးပွားရေး ကြိုးကိုင်သူတွေကို ဒဏ်ခတ်မယ်

ခရိုင်းမီးယား ကျွန်းဆွယ်ကို ပိုင်နက်ထဲ ဆွဲသွင်းခဲ့တဲ့ ရုရှက အချမ်းသာဆုံး ပုဂ္ဂိုလ် တချို့ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမေရိကန် သမ္မတ အိုဘားမားက ကြေညာ လိုက်ပါတယ်။

ပိတ်ဆို့ခံရတဲ့ စာရင်းမှာ သမ္မတ ပူတင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပုဂ္ဂိုလ် ၂ဝ ကို ဒဏ်ခတ် ပိတ်ဆို့ခဲ့ပြီး သမ္မတရုံး အကြီးအကဲ Sergei Ivanov နဲ့ မစ္စတာ ပူတင်နဲ့ ဂျူဒို ကစားဖက် Arkady Rotenberg တို့လည်း ပိတ်ဆို့ ခံရတဲ့ စာရင်းမှာ ပါပါတယ်။

ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းကို ရုရှ ခြိမ်းခြောက်မှု အန္တရာယ် တော်တော် ဆိုးရွားနေတာမို့ ရုရှ စီးပွားရေးကို ကြိုးကိုင်ထားတဲ့ ဌာန အဖွဲ့အစည်းတွေကို ဒဏ်ခတ် တားမြစ် နေတာလို့ မစ္စတာ အိုဘားမားက ပြောကြား ပါတယ်။

ဒီဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ရုရှ ကိုသာ မက ကမ္ဘာ့ စီးပွားရေး တခုလုံးကိုပါ ထိခိုက်နိုင်တာကို သိပေမယ့်လည်း ရုရှ ဒီလိုသာ ဆက်သွားနေရင် နိုင်ငံတကာ အသိုင်းအဝိုင်းက ဘေးဖယ်ခံရမယ် ဆိုတာ သိဖို့ အရေးယူတာလို့ အိုဘားမားက ပြောသွားပါတယ်။

ရုရှ ဘက်ကလည်း အလျင်အမြန် လက်တုံ့ပြန် တဲ့ အနေနဲ့ အမေရိကန် အဆင့်မြင့် အရာရှိ ၉ ယောက်ကို ပြည်ဝင်ခွင့် ပိတ်ပင်လိုက်ပြီး ဒီထဲမှာ ရီပတ်ဘလစ်ကန် သမ္မတလောင်း အဖြစ် ယှဉ်ပြိုင် ခဲ့ဖူးတဲ့ ဂျွန်မက်ကိန်းလည်း ပါပါတယ်။

အီးယူ ဥရောပ သမဂ္ဂကလည်း ဒဏ်ခတ် ပိတ်ဆို့မှု စာရင်းမှာ နောက်ထပ် ၁၂ ယောက် ထပ်ဖြည့်ခဲ့ပြီး ပဋိပက္ခ အရှိန်မြှင့်လာရင် ဒိထက် ကျယ်ကျယ်ပြန့်ပြန့် ဒဏ်ခတ် ပိတ်ဆို့မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ