တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့ ယူကရိန်း အမိန့်ထုတ်

ဓာတ်ပုံ မူပိုင် AFP
Image caption သိမ်းပိုက်ခံလိုက်ရတဲ့ ယူကရိန်း ရေတပ် Feodosia အခြေစိုက် စခန်း

ခရိုင်းမီးယားမှာ ရှိတဲ့ ယူကရိန်းတို့ရဲ့ အဓိက ရေတပ် အခြေစိုက် စခန်းကို ရုရှားတို့ သိမ်းပိုက်လိုက် အပြီးမှာ ယူကရိန်း လက်နက်ကိုင် တပ်ဖွဲ့တွေ ခရိုင်းမီးယားကနေ ရုပ်သိမ်းဖို့ ယူကရိန်းက အမိန့်ထုတ်လိုက် ပါတယ်။

အဲဒီမှာ တာဝန် ထမ်းဆောင်နေတဲ့ ယူကရိန်း တပ်သားတွေနဲ့ မိသားစုဝင်တွေရဲ့ အသက် အန္တရာယ် မကျရောက်ရအောင် ဒီလို ဆုံးဖြတ်ရတာ ဖြစ်တယ်လို့ ယူကရိန်း ယာယီ သမ္မတ အိုလက်ဇန္ဒာ တူချီနော့ဗ်က ပြောပါတယ်။

ခရိုင်းမီးယား ဒေသက ယူကရိန်းတို့ရဲ့ ဖီအိုဒိုဆီယာ ရေတပ် စခန်းထဲကို ရုရှားတပ်တွေဟာ မောင်းပြန်သေနတ်တွေ၊ stun grenade လို့ ခေါ်တဲ့ မျက်စိကျိန်းစေတဲ့ လက်ပစ်ဗုံးတွေ အသုံးပြုပြီး ဒီကနေ့ မနက် စောစောက ဝင်ရောက် စီးနင်းခဲ့ပါတယ်။

အဲဒီနောက် စခန်းမှာ ရှိတဲ့ ယူကရိန်း တပ်သားတွေဟာ လက်တွေကို တုပ်နှောင်ခံရပြီး စခန်းထဲကနေ ခေါ်ထုတ်သွားတာ ခံခဲ့ရတယ်လို့ ယူကရိန်း မြို့တော် ကီးယက်ဗ်မှာ ရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဗလာဒီစ်လက်ဗ် က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ