အာဖဂန် ရွေးကောက်ပွဲရုံး တာလီဘန် ဝင်တိုက်

ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ခိုက်မှုအပြီး လုံခြုံရေးတွေ ရှင်းလင်းစဉ်။

အာဖဂန်နစ္စတန် နိုင်ငံ ကဘူးလ် မြို့တော်က ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရုံးခန်းကို လက်နက်ကိုင် စစ်သွေးကြွတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ အာဖဂန် အာဏာပိုင်တို့က ဆိုပါတယ်။

လက်နက်ကိုင်တွေဟာ ကော်မရှင် ရုံးရှိရာ ဝင်းအတွင်းကို အသေခံ ဗုံးခွဲကာ ဝင်ရောက် လာခဲ့ကြပြီး ဝန်ထမ်းတွေကို တန်ဆာခံအဖြစ် ဖမ်းဆီးကာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်ခဲ့ပါတယ်။

ဒီလို တိုက်ခိုက်မှုအတွင်း အရပ်သား ၂ ဦးနဲ့ သူပုန် ၅ ဦး သေဆုံးခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ တာလီဘန်တွေက အစောပိုင်းက ကြေညာခဲ့ပါတယ်။

နောက်လမှာ ကျင်းပဖို့ ရှိတဲ့ သမ္မတ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ စီစဉ်ထားတယ်လို့ တာလီဘန်တို့က အရင်ကတည်းက ပြောထားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ