အီဂျစ် စစ်ဦးစီးချုပ်ဟောင်း စည်းရုံးရေး စတင်

ဓာတ်ပုံ မူပိုင် AFP
Image caption သမ္မတ ဖြစ်လာဖွယ်ရှိတဲ့ အဗ္ဗဒူ ဖာတာ စီစီ

အီဂျစ် စစ်တပ်ရဲ့ ဦးစီးချူပ်နဲ့ ကာကွယ်ရေး ဝန်ကြီး ဖြစ်သူ ဗိုလ်ချူပ်ကြီး အဗ္ဗဒူ ဖာတာ စီစီဟာ သူ့ရဲ့ စစ်ရာထူး နေရာက နှုတ်ထွက်ခဲ့ ပြီးတဲ့နောက် သမ္မတ အဖြစ် ရွေးကောက်ခံရဖို့ စတင် စည်းရုံးရေး ဆင်းနေပြီ ဖြစ်ပါတယ်။

ဒီလို စစ်ရာထူး စွန့်လွှတ်ပြီး သမ္မတ ရွေးကောက်ပွဲ ဝင်မယ် ဆိုတာကို ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားခဲ့ပြီး အီဂျစ် နိုင်ငံဟာ အကြမ်းဖက် သမားတွေရဲ့ ဖျက်ဆီးတာကို ခံရမယ့် အန္တရာယ် ကြုံနေရပြီလို့လည်း သူက ပြောခဲ့ပါတယ်။

ပြီခဲ့တဲ့နှစ်က အီဂျစ်မှာ လူထု ဆန္ဒပြပွဲတွေ အုံကြွ ပေါ်ပေါက်လာခဲ့ပြီးနောက် အဲဒီအချိန်က အစ္စလာမ်မစ် ဘာသာရေးဝါဒီ သမ္မတ မိုဟာမက် မော်စီကို မစ္စတာ စီစီက ဦးဆောင်ပြီး ဖြုတ်ချခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ စီစီဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် လုပ်ခဲ့သူ တစ်ဦးလို့ ဝေဖန် ခံနေရသူ ဖြစ်ပါတယ်။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာတော့ မစ္စတာ စီစီပဲ အပြတ်အသတ် အနိုင် ရဖို့ များတယ်လို့ ကိုင်ရိုမြို့က ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ