သမ္မတ အိုဘားမား ဆော်ဒီနိုင်ငံ သွားရောက်

ဓာတ်ပုံ မူပိုင် Getty
Image caption ဆော်ဒီအာရေဗျကို အိုဘားမား နှစ်သိမ့်လိမ့်မယ်လို့ မျှော်လင့်ရ

အမေရိကန် သမ္မတ အိုဘားမားဟာ အရှေ့အလယ်ပိုင်းက သူ့ရဲ့ အဓိက မဟာမိတ် တစ်ဦးဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ ဆက်ဆံရေး တွေ ခိုင်မာနေကြောင်း ပြသဖို့ အခု အဲဒီကို သွားရောက်နေပါတယ်။

မစ္စတာ အိုဘားမားကို ဆော်ဒီ ဘုရင် အဗ္ဗဒူလာက သူ့ရဲ့ သဲကန္တာရထဲက အပန်းဖြေစခန်းမှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေးတွေဟာ ဆီးရီးယား ကိစ္စအပြင် ဆော်ဒီအာရေဗျရဲ့ ဒေသတွင်း ပြိုင်ဖက်ဖြစ်တဲ့ အီရန်အပေါ် အမေရိကန်က ခပ်ပျော့ပျော့ ဆက်ဆံနေတယ်လို့ ဆော်ဒီက ယူဆတဲ့ အတွက် ဆက်ဆံရေး အနည်းငယ် လျော့ရဲ လာနေခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် တစ်ယောက်က သုံးသပ်ပါတယ်။

နောက်တခါ အမေရိကန်က သူ့ရဲ့ လောင်စာ လိုအပ်ချက်အတွက် အရှေ့အလယ်ပိုင်းကို အားမကိုးတော့ တာကြောင့်လည်း ဒေသတွင်းက မဟာမိတ်တွေက စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

သမ္မတ အိုဘားမားကတော့ ဆော်ဒီအာရေဗျကို စိတ်မပူဖို့ နှစ်သိမ့် ဖျောင်းဖြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ