အိန္ဒိယ အုပ်စုဖွဲ့ မုဒိမ်းမှု ၃ ဦးကို သေဒဏ်ချ

ဓာတ်ပုံ မူပိုင် AP
Image caption ဥပဒေအသစ်နဲ့ ပထမဆုံး သေဒဏ်ပေးခံရသူတွေ ဖြစ်လာ

အိန္ဒိယ နိုင်ငံမှာ အမျိုးသမီး ဓာတ်ပုံ သတင်းထောက် တစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့တဲ့ လူ ၃ ယောက်ကို အိန္ဒိယ တရားရုံးတစ်ခုက သေဒဏ် ပေးလိုက်ပါတယ်။

မနှစ်က မွန်ဘိုင်းမြို့ စက်ရုံပျက် တစ်ခုထဲမှာ ဒီ လူ ၃ ယောက်ဟာ သတင်းထောက် အမျိုးသမီးကို အုပ်စုလိုက် မတရား ပြုကျင့်ခဲ့တယ် ဆိုတဲ့ အမှုအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး ဒီပြစ်ဒဏ်ကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

အဓမ္မ ပြုကျင့်မှုတွေကို တားဆီးဖို့ ဥပဒေသစ် ထုတ်ပြန် အပြီးမှာ ဒီလူ ၃ ယောက်ဟာ ပထမဆုံးအကြိမ် သေဒဏ် ပေးခံရသူတွေ ဖြစ်သွားပါပြီ။

အိန္ဒိယ နိုင်ငံမှာ ဆက်တိုက် ဆိုသလို ဖြစ်ပွားနေခဲ့တဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို တိုက်ဖျက်တော့မယ့် ပထမ ခြေလှမ်း ဖြစ်ပါတယ်။

မနှစ်တုန်းက အလားတူ အမှုတွေ အလွန် များလာတဲ့အတွက် တစ်နိုင်ငံလုံး ဆန္ဒပြမှုတွေ ပေါ်ပေါက်လာအပြီးမှာ အစိုးရက ခုလို ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ