ကိုရီးယား ရေပိုင်နက်အနီး ကုန်တင်သင်္ဘော မှောက်

ဓာတ်ပုံ မူပိုင် Reuters
Image caption ပျောက်ဆုံးနေသူတွေကို ရှာဖွေဆဲ

တောင်ကိုရီးယား ရေပိုင်နက် အနီးမှာ မြောက်ကိုရီးယား သင်္ဘောသား ၁၆ ယောက် လိုက်ပါလာတဲ့ ကုန်တင်သင်္ဘော တစ်စီး တိမ်းမှောက်သွားခဲ့ပြီး ၁၁ ယောက် ပျောက်ဆုံးနေပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ တောင်ကိုရီးယား ပြန်ကြားရေး တာဝန်ရှိသူ Kim Eui-Do က ပြောရာမှာ ၄ ယောက် သေဆုံးတယ်လို့ အတည်ပြုနိုင်ပြီး ၃ ယောက်ကိုပဲ ကယ်ဆယ်နိုင်သေးကြောင်း၊ ပျောက်နေသေးတဲ့ ကျန် သင်္ဘောသားတွေကို ကယ်ဆယ်ရေး အဖွဲ့က ဆက်လက် ရှာဖွေနေကြောင်း ပြောပါတယ်။

ပုံမှန်အားဖြင့် မြောက်ကိုရီးယား သင်္ဘောသားတွေကို ကယ်ဆယ်ရမိတဲ့ အခါတိုင်းမှာ သူတို့ ဆန္ဒရှိခဲ့ရင် နိုင်ငံကို ပြန်ပို့ပေးတာမျိုးတွေ လုပ်လေ့ရှိပါတယ်။

မွန်ဂိုလီးယား အလံ တင်ထားတဲ့ ဒီ ကုန်တင်သင်္ဘောဟာ တရုတ်နိုင်ငံကို သံရိုင်းတွေ တင်ဆောင် ခုတ်မောင်းနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ