လုံခြုံရေးနဲ့ ဆိုးဝါးတဲ့ရာသီ ဥတုကြားက လူတွေမဲပေး

အမျိုးသမီး မဲပေးသူများတွေ့ရစဉ် ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမျိုးသမီး မဲပေးသူများတွေ့ရစဉ်

အာဖဂန် ရွေးကောက်ပွဲမှာ မိုးသည်းထန်တာတွေ လုံခြုံရေး ခြိမ်းခြောက်မှုတွေ ကိုမမှုဘဲ အထူးသဖြင့် လူငယ်တွေ မဲလာပေးကြတယ်လို့ ဒေသတွင်းရှိ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။ အမျိုးသမီးတွေလည်း အမျိုးသားလောက် မများပေမယ့် မဲပေးတာ တွေ့ရပါတယ်။

အာဖဂန်မြို့တော် ကာဘူးလ်က ဘီဘီစီသတင်းထောက် ဒေးဗစ်လွိုင်းကတော့ ရဲနဲ့စစ်သား၄သိန်းလောက် လုံခြုံရေး ယူထားတဲ့အတွက်ဒါဟာ ၂၀၀၁ ခုနှစ် တာလီဘန်တွေကျပြီး နောက်ပိုင်း အကြီးဆုံး စစ်ဆင်ရေးဘဲလို့ ပြောပါတယ်။

အာဖဂန် မြောက်ပိုင်းက ဘီဘီစီသတင်းထောက် ကယ်ရင်အယ်လင်ကလည်း မဲပေးဖို့ စောင့်နေတဲ့ လူတွေ အရှည်ကြီး တန်းစီနေကြတယ်လို့ပြောပါတယ်။

အနောက်ဖက် ဟရတ်ပြည်နယ်နဲ့ မြို့တော်ရဲ့အရှေ့မြောက်တို့မှာ ရာသီဥတုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မဲရုံအချို့ပိတ်ခဲ့ရပါတယ်။ အချို့မဲရုံတွေ ကြိုးကြားတိုက်ခံရပြီး အားလုံမဲရုံတွေရဲ့ ၁၀ရာနှုန်းဟာ လုံခြုံရေးကြောင့် မဖွင့်နိုင်ဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။ ဒါ့အပြင် မဲပြားတွေအချိန်မီမရောက်တာ မဲမလုံလောက်တာစတဲ့ သတင်းတွေလည်းရပါတယ်။

နိုင်ငံတကာ လေ့လာအကဲခတ်သူတွေကတော့ လုံခြုံရေးတင်းကျပ်စွာချထားပြီး အတုမလုပ်နိုင်အောင် အာမခံချက်အသစ်တွေရှိတဲ့အတွက် အရင်လုပ်တဲ့ ရွေးကောက်ပွဲထက် ပိုမျှတနိုင်တယ်လို့ မြင်ကြောင်း ကာဘူးလ်က သတင်းထောက်ကပြောပါတယ်။

သမ္မတလောင်းအဖြစ်ပြိုင်သူ ၈ယောက် ရှိပြီးအဲဒီထဲက နိုင်ငံခြားရေး ဝန်ကြီးဟောင်းနှစ်ယောက်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဟောင်းတယောက်တို့က ရှေ့က ရောက်နေတဲ့သဘော တွေ့ရပါတယ်။

ဒါပေမယ့် လွတ်လွတ်ကျွတ်ကျွတ် နိုင်တဲ့ ၅၀ရာနှုန်းရဖို့ ဘယ်သမ္မတလောင်းမှ မသေချာလို့ မေလ၂၈ရက်ကျရင် ဒုတိယ အကြော့ပြန်ပြိုင်ရနိုင်တယ်လို့ အာဖဂန်ရောက် ဘီဘီစီ သတင်းထောက်တွေက သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ