ရုရှားလိုလားသူတွေက ယူကရိန်းအစိုးရရုံးတွေသိမ်း

ယူကရိန်း ဆန္ဒပြသူတွေကို ရဲကနှိမ်နင်း ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း ဆန္ဒပြသူတွေကို ရဲကနှိမ်နင်း

ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov ကလီသူရေးနီးယားကို သွားမယ့်ခရီးစဉ်ကို ပယ်ဖျက်လိုက်ပြီး မတည်ငြိမ်မှုတွေကို တုန့်ပြန်ဖို့ နိုင်ငံရဲ့လုံးခြုံရေး တာဝန်ခံတွေနဲ့ အရေးပေါ် အစည်းအဝေး ခေါ်လိုက်ပါတယ်။

Donetskမြို့မှာ ဆန္ဒပြပွဲတွေက အကြမ်းဆုံးဖြစ်ပြီး မြို့လယ် ရင်ပြင်ရှိ လူအုပ်ထဲကနေ ခွဲထွက်ကာလူတစုက အစိုးရရုံးစိုက်ရာ အဆောက်အအုံကို သိမ်းပိုက်ခဲ့ပါတယ်။

အဓိကရုန်း နှိမ်နင်းရေး ရဲတွေနဲ့ ရင်ဆိုင်ပြီး ပိတ်ထားတဲ့ ကြားက အဆောက်အုံထဲဝင်ကာ ရုရှားအလံနဲ့ စာတန်းတခုကိုလွှင့်ထူခဲ့ပါတယ်။ အပြင်က လူအုပ်ကြီးက အော်ဟစ် ထောက်ခံခဲ့ကြပါတယ်။

အစိုးရရုံးကို ဝင်တိုက်သူပေါင်းတထောင်လောက်ရှိမယ်လို့ ဒွန်းညက်ရဲ့တပ်ဖွဲကပြောပါတယ်။

သောင်းချီတဲ့ရုရှားတပ်သားတွေကို နယ်စပ်တလျှောက်ဖြန့် ထားတဲသတင်းတွေ ထွက်နေပြီးယူကရိန်းနဲ့ ရှားကြား တင်းမာမှု အရှိန်မြင့်နေပါတယ်။

တချိန်ထဲမှာဘဲ ယူကရိန်း မြို့တော်မှအစိုးရ အဖွဲ့သစ်အနေနဲ့လည်း ရုရှားစကားပြောတဲ့ ပြည်နယ်လူထုတွေက ဆက်တိုက်ဆန့်ကျင်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ရုရှား သမ္မတပူတင်ကတော့ ယူကရိန်းရှိ ရုရှား ဘာသာစကားပြောတဲ့ လူတွေကို အကာအကွယ်ပေးတဲ့ အနေနဲ့ မော်စကို အစိုးရဟာ စစ်ရေးအရ ဝင်စွက်ဖက်ခွင့် ရှိတယ်လို့ပြောနေပါတယ်။

ယူကရိန်း ခေါင်းဆောင်တွေကတော့ နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မငြိမ်မသက်ဖြစ်အောင် ရုရှားအစိုးရက မြှောက်ပေးနေတယ်လို့စွပ်စွဲလိုက်ပြီး သူတို့တိုင်းပြည်ကို ဝင်တိုက်ရင်ခုခံ ကာကွယ်သွားမယ်လို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ