ယူကရိန်း မငြိမ်သက်မှု ၄၈ နာရီအတွင်း ဖြေရှင်းမယ်

ဓာတ်ပုံ မူပိုင် AP
Image caption Donetsk မြို့က ရုရှား လိုလားသူတွေ သိမ်းပိုက်ထားတဲ့ အုပ်ချုပ်ရေး ရုံးရှေ့ အတားအဆီး

ယူကရိန်း အရှေ့ပိုင်းမှာ ဖြစ်နေတဲ့ မငြိမ်သက်မှုတွေကို ညှိနှိုင်းတဲ့ နည်းနဲ့ ဖြစ်စေ၊ အင်အားသုံးတဲ့ နည်းနဲ့ ဖြစ်စေ လာမယ့် ၄၈ နာရီအတွင်း ဖြေရှင်းမယ် လို့ ကိယက်ဗ်မှာ ရှိတဲ့ သတင်းထောက်တွေကို ယူကရိန်း ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းက မြို့ ၂ မြို့မှာ ရုရှ ထောက်ခံတဲ့ လှုပ်ရှားတက်ကြွသူတွေက အစိုးရ အဆောက်အအုံ တွေကို ဆက်လက် သိမ်းပိုက်ထားပါတယ်။

အခု သီတင်းပတ် အစောပိုင်း တုန်းကလည်း လက်နက်ကိုင် ခွဲထွက်ရေး လှုပ်ရှားသူတွေကို အကြမ်းဖက် ဆန့်ကျင်ရေး တိုက်ပွဲ လုပ်ရမယ်လို့ ယူကရိန်း အစိုးရက ပြောခဲ့ပါတယ်။

မော်စကိုကိုလည်း မတည်ငြိမ်အောင် လှုံ့ဆော်နေတယ်လို့ ယူကရိန်းက စွပ်စွဲထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ