မလေးရှားကို ပန်ဒါ ၂ကောင် ပေးဖို့ တရုတ် ဆိုင်းငံ့

ဓာတ်ပုံ မူပိုင် AFP
Image caption သံတမန် ဆက်ဆံရေး နှစ် ၄၀ ပြည့် အထိမ်းအမှတ် ပေဖို့ စီစဉ်ထား

တရုတ်နိုင်ငံက မလေးရှားကို ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် ပန်ဒါ ဝက်ဝံ ၂ ကောင် ပေးပို့မယ့် ကိစ္စကို တရုတ်ဘက်က ရွှေ့ဆိုင်းလိုက်ပါတယ်။

မလေးရှား လေကြောင်းလိုင်းက လေယာဉ် ပျောက်ဆုံးမှုကြောင့် သောကရောက်နေကြတဲ့ မိသားစုဝင်တွေကို လေးစားရမှာမို့ အခုလို ရွှေ့ဆိုင်းရတာပါလို့ သူတို့က ပြောပါတယ်။

တရုတ်နဲ့ မလေးရှား နိုင်ငံကြား သံတမန် ဆက်သွယ်ရေး စတင်ခဲ့တာ နှစ် ၄၀ ပြည့်တဲ့ အထိမ်းအမှတ် အနေနဲ့ ဒီ ပန်ဒါ ဝက်ဝံတွေကို ပေးအပ်ဖို့ စီစဉ်ထားခဲ့တာပါ။

မလေးရှား ဘက်ကတော့ မေလ နှောင်းပိုင်းမှာ ပို့ပေးလာနိုင်တယ်လို့ ပြောထားပါတယ်။

MH370 လေယာဉ် ပျောက်ဆုံးမှုမှာ မလေးရှား အာဏာပိုင်တွေက သတင်းတွေ ထိမ်ချန်ခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ လမ်းလွဲ နှေးကွေးခဲ့တယ် ဆိုပြီး တရုတ် ခရီးသည်တွေရဲ့ မိသားစုဝင်တွေက စိတ်ဆိုးခဲ့ကြတာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ