ပါလက်စတိုင်း ဂျနီဗာကွန်ဗန်းရှင်း လက်မှတ်ထိုးနိုင်ပြီ

palestine ဓာတ်ပုံ မူပိုင် Reuters
Image caption အနောက်ဖက်ကမ်း က ပါလက်စတိုင်း ဒေသတခု

ပါလက်စတိုင်း က ဂျနီဗာ ကွန်ဗန်းရှင်း ကို လက်မှတ်ထိုးတဲ့ကိစ္စ ဟာ အခုလောလောဆယ် အစ္စရေးနဲ့ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပစ်ပယ်တဲ့ သဘောမသက်ရောက်ပါဘူး လို့ ပါလက်စတိုင်း ညှိနှိုင်းရေးမှူး ဆက်ဘ် အီရီကက် က ပြောပါတယ်။

ပါလက်စတိုင်းကို ဂျနီဗာကွန်ဗန်းရှင်း လက်မှတ်ထိုးခွင့် ပေးတဲ့ ကိစ္စ အပေါ် အစ္စရေး က အပြင်းအထန်ကန့်ကွက်ထားပြီး စီးပွားရေးအရ အရေးယူဆောင်ရွက်မှုအသစ်တွေကို လည်း ချမှတ် လိုက်ပါတယ်။

ပါလက်စတိုင်းဟာ ၁၉၈၉ ကတည်းက ဂျနီဗာ ကွန်ဗန်းရှင်း ကိုလက်မှတ်ထိုးခွင့်တောင်းပေမယ့် နိုင်ငံတခု မဟုတ် တာကြောင့် အရင်က ငြင်းပယ်ခံခဲ့ရပါတယ်။

၂၀၁၂ မှာတော့ သူ့ကို ကုလသမဂ္ဂအထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံမဟုတ် သော လေ့လာသူ နိုင်ငံ အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။