ဓာတ်ငွေ့ ကတိတည်ဖို့ ရုရှကို အီးယူ သတိပေး

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား ဓာတ်ငွေ့ ယူကရိန်း နယ်မြေထဲ ဖြတ်ပြီး ဥရောပကို တင်ပို့

ဓာတ်ငွေ့တင်ပို့ရာမှာ ကတိအတိုင်း ဆောင်ရွက်ဖို့ ဥရောပ သမဂ္ဂက ရုရှကို သတိပေးလိုက်ပါတယ်။

ယူကရိန်းကို ဓာတ်ငွေ့စျေးမြှင့်ပြီး တောင်းတာနဲ့ ပက်သက်လို့ ရုရှနဲ့ အီးယူ သဘော ကွဲလွဲခဲ့ကြတဲ့အတွက် ရုရှကနေ ဥရောပကို ဓာတ်ငွေ့တွေ ရောင်းချတာ ရပ်ကောင်း ရပ်နိုင်တယ် လို့ ပူတင်က မနေ့က ပြောလိုက်လို့ပါ။

ရုရှ ဓာတ်ငွေ့ကို ယူကရိန်း နယ်မြေထဲ ဖြတ်ပြီး ဥရောပကို တင်ပို့တာ ဖြစ်ပါတယ်။

ခုတလော ပြဿနာတွေကြောင့် ရုရှက ဓာတ်ငွေ့ ဖြတ်တောက်ခဲ့ရင် လိုအပ်တာကို ဥရောပကနေ ပြောင်းဝယ်ဖို့ ပြင်ဆင်နေတယ်လို့ ယူကရိန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ