အရှေ့ပိုင်းမှာ စစ်ဆင်ရေးတစ်ခု ယူကရိန်း စတင်

Image caption ယူကရိန်း တပ်ဖွဲ့ဝင်တွေ ပြင်ဆင်နေ

ယူကရိန်း အရှေ့ပိုင်းက အစိုးရ အဆောက်အဦးတွေ သိမ်းထားတဲ့ ရုရှား လိုလားသူတွေကို ရှင်းထုတ်ဖို့ စစ်ဆင်ရေး တစ်ခု စတင် လိုက်ပြီ ဖြစ်ကြောင်း ယူကရိန်း ယာယီ သမ္မတ အိုလက်ဇန်ဒါ တာချီနော့ဗ်က ပါလီမန်မှာ ပြောလိုက်ပါတယ်။

ဘီဘီစီ သတင်းထောက်က ပြောရာမှာ လက်နက် အပြည့်အစုံနဲ့ သံချပ်ကာ ယာဉ်တွေ အပြင် ဒါဇင်နဲ့ ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ Sloviansk မြို့ မြောက်ဘက် ကီလိုမီတာ ၄၀ အကွာလောက်က Kharkiv မြို့ တဝိုက်မှာ အင်အားပြ စုရုံးနေကြတယ်လို့ ဆိုပါတယ်။

Donetsk မြို့ တောင်ပိုင်းမှာလည်း ရဟတ်ယာဉ်တွေရဲ့ လှုပ်ရှားမှုတွေ တိုးမြင့်လာနေတယ်လို့ သတင်းရပါတယ်။

စနေနေ့ကတည်းက Kramatorsk ရဲစခန်းကို သိမ်းပိုက် ထားကြတဲ့ သူတွေကတော့ အခုအခါ သူတို့ ဆန္ဒအလျောက် ထွက်ခွာသွားကြပြီလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗ်ရော့ဗ် ကတော့ ယူကရိန်း အစိုးရ အနေနဲ့ အင်အားသုံး ဖြိုခွင်းမယ်ဆိုရင် အခု သီတင်းပတ် နှောင်းပိုင်းမှာ ပြုလုပ်ဖို့ ရှိတဲ့ ဆွေးနွေးမှုကို ထိခိုက် စေနိုင်တယ်လို့ ယူကရိန်း အစိုးရကို အစောပိုင်းက သတိပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ