အိန္ဒိယရဲ့ အကြီးကျယ်ဆုံး မဲပေးတဲ့နေ့

ဓာတ်ပုံ မူပိုင် Reuters
Image caption အူတာ ပရာဒက်ရှ် ပြည်နယ်က ရွာတစ်ရွာမှာ မဲပေးဖို့ တန်းစီးနေသူများ

အိန္ဒိယနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ အတွက် အကြီးကျယ်ဆုံး မဲပေးတဲ့နေ့ အဖြစ် ပြည်နယ် အတော်များများက မဲရုံတွေမှာ မဲပေးမယ့် လူတွေ သိန်းသောင်း ချီပြီး တန်းစီခဲ့ကြပါတယ်။

မဲဆန္ဒနယ် ၁၂၁ နယ်အတွက် ပါလီမန် အမတ်တွေ ရွေးကောက် နိုင်ဖို့ လူပေါင်း သန်း ၂၀၀ ဒီကနေ့ မဲပေးကြရမှာ ဖြစ်ပါတယ်။

သီတင်းပတ်တွေနဲ့ ချီပြီး ကြာရှည်တဲ့ မဲပေးမှုတွေ အတွက် ဒီကနေ့ ကြာသပတေးနေ့ဟာ အရေးအကြီးဆုံး နေ့တစ်နေ့ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

မော်ဝါဒီ သူပုန်တွေက သပိတ်မှောက်ဖို့ ဆော်သြထားတဲ့ ဒေသ တချို့မှာတော့ အကြမ်းဖက်မှုတွေ ကြိုးကြား ဖြစ်ခဲ့ပါသေးတယ်။

ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ ကွန်ဂရက်စ် ပါတီက အတိုက်အခံ BJP ပါတီရဲ့ စိန်ခေါ်မှုကို အကြီးအကျယ် ခံနေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ