နိုင်ဂျီးရီးယား လုံခြုံရေး အထူးအရေးကြီးနေ

ဓာတ်ပုံ မူပိုင် AFP
Image caption လူ ၇၀ ကျော် သေဆုံးခဲ့ရတဲ့ ဘတ်စ်ကားဂိတ်မှာ ဗုံးခွဲမှု

နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန်က ပြည်နယ် အုပ်ချုပ်ရေးမှူးတွေ၊ ထိပ်တန်း စစ်တပ် အရာရှိတွေနဲ့ တွေ့ဆုံပြီး နိုင်ငံရဲ့ လုံခြုံရေး ကိစ္စတွေ ဆွေးနွေးဖို့ ရှိပါတယ်။

ဒီတစ်ပတ်ထဲမှာ လူ ၇၀ ကျော် သေဆုံးခဲ့ရတဲ့ အဘူဂျာ မြို့တော်က ဘတ်စကား ရပ်နား စခန်းမှာ ဖောက်ခွဲမှု ၂ ခု အပါအဝင် အစ္စလာမ်မစ် စစ်သွေးကြွတွေလို့ မသင်္ကာရသူတွေရဲ့ တိုက်ခိုက်မှုကြီးတွေ အတော်များများ ဖြစ်ခဲ့ပါတယ်။

အင်္ဂါနေ့ကတော့ အစ္စလာမ်မစ် ဘိုကိုဟာရမ် အဖွဲ့ဝင်တွေလို့ ယူဆရသူတွေက ကျောင်းသူ ၁၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ပါတယ်။

နိုင်ဂျီးရီးယား စစ်တပ်ကတော့ မိန်းကလေး ၈ ယောက် ကလွဲလို့ ကျန်သူ အားလုံး ပြန်လွတ်လာကြပြီလို့ ပြောပါတယ်။

မိန်းကလေးတွေရဲ့ မိဘတွေက ပြောရာမှာတော့ အတော်များများ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး သူတို့ရော စေတနာ့ ဝန်ထမ်း အဖွဲ့တွေရော တောထဲဝင်ပြီး ရှာဖွေ နေကြတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ