သင်္ဘော နစ်မြုပ်ရတဲ့ အကြောင်းရင်း စုံစမ်းဆဲ

Image caption သင်္ဘောအတွင်း ပိတ်မိနေခဲ့တဲ့ သမီးက သူ့မိခင်ဆီ ပေးပို့ခဲ့တဲ့ ဖုန်းမက်ဆေ့ချ်

တောင်ကိုရီးယား ကျောင်းသား ကလေးငယ် ရာနဲ့ ချီ လိုက်ပါခဲ့တဲ့ နစ်မြုပ်သွားတဲ့ ဖယ်ရီ သင်္ဘော နောက်ဆုံး အချိန်တွေမှာ ဘာဖြစ်ခဲ့တယ် ဆိုတဲ့ အသေးစိတ်ကို စုံစမ်းနေတယ်လို့ ကမ်းခြေစောင့် တပ်တွေက ပြောပါတယ်။

ခရီးသည်တွေ အနေနဲ့ သင်္ဘောကို စွန့်ခွာပြီး အသက်ကယ်လှေတွေဆီ သွားကြဖို့ သင်္ဘော အဖွဲ့သားတွေက အမိန့်ပေးတာ နှောင့်နှေးခဲ့တယ် ဆိုတဲ့ ပြောဆိုမှုတွေကို အတည်ပြုဖို့တော့ အရာရှိတွေက ငြင်းဆိုခဲ့ကြပါတယ်။

Sewol ရေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လူ ၁၇၉ ယောက်ကို ကယ်တင် နိုင်ခဲ့ပေမယ့် နောက်ထပ် လူ ၃၀၀ နီးပါး ကတော့ ပျောက်ဆုံးနေတုန်း ဖြစ်ပါတယ်။

ရေစီးသန်တဲ့ လှိုင်းဂယက်တွေကြောင့် မြုပ်နေတဲ့ သင်္ဘောထဲက အခန်းတွေထဲ ရေငုပ်သမားတွေ ဝင်ရောက် ရှာဖွေဖို့ အခက်အခဲ ရှိနေပါတယ်။

အစောပိုင်း သတင်းတွေကတော့ ရေငုပ်သမား ၃ ယောက် ရေစီးထဲ ပါသွားလို့ ကယ်ဆယ်ခဲ့ရသေးတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက သင်္ဘော နစ်မြုပ်ရာ အနီး ဆိပ်ကမ်းမှာ ရှိနေကြတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေကို သွားရောက် တွေ့ဆုံ အားပေးစကား ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ