ဆီးရီးယား အဆိပ်ငွေ့သုံး တိုက်ခိုက်မှု ထပ်ဖြစ်

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေ အပြန်အလှန် စွပ်စွဲနေ

ဆီးရီးယား အစိုးရက ကလိုရင်း ဓာတ်ငွေ့နဲ့ နောက်ထပ် တိုက်ခိုက်မှု ရှိခဲ့တယ် ဆိုတဲ့ အထောက် အထားတွေကို ဆီးရီယား အတိုက်အခံတွေက ဖော်ထုတ်လိုက်ပါတယ်။

အင်တာနက် ပေါ်မှာ မြင်ရတဲ့ ဗီဒီယိုပုံတွေ အရ ကလိုရင်း အဆိပ်သင့်တယ်လို့ ယူဆရတဲ့ လက္ခဏာ ခံစားနေရတဲ့ လူငယ် ၄ ယောက်ကို ဆေးဝန်ထမ်း တွေက ကြိုးစား ကုသပေးနေတာ တွေ့မြင်ရပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ဒမတ်စကပ် မြိုတော် ဆင်ခြေဖုံးက Harasta မှာ ဖြစ်ခဲ့တာလို့ ဆိုပေမယ့် အဲဒီ ဗီဒီယိုကို သီးခြား အတည် မပြုနိုင်သေးပါဘူး။

Hama မြို့ မြောက်ပိုင်းမှာ ကလိုရင်း ဓာတ်ငွေ့နဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့အပြီး ၄ ရက် အကြာမှာ အခု စွပ်စွဲချက် ပေါ်ထွက်လာတာပါ။

ဆီးရီးယား အစိုးရနဲ့ အတိုက်အခံတွေဟာ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန် ပြစ်တင် ပြောဆိုနေကြပါတယ်။

ကလိုရင်း ဓာတ်ငွေ့ကို စစ်ပွဲတွေမှာ အသုံးမပြုဖို့ တားမြစ်ထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ