ဂျာမနီနဲ့ ချက်က သမင်တွေ စစ်အေး စည်းခြားဆဲ

ဓာတ်ပုံ မူပိုင် AP
Image caption စစ်အေးခေတ် နယ်စည်းမျဉ်း ပုံစံတူ တစ်ခုကို ချက်နိုင်ငံ Sumava အမျိုးသား ဥယျာဉ်မှာ ပြန်လည် တည်ဆောက် ပြသထားစဉ်။

စစ်အေးကာလ ပြီးဆုံးတာ နှစ်အစိတ်လောက် ရှိပြီ ဖြစ်ပေမယ့် ဂျာမနီနဲ့ ချက် နိုင်ငံ နယ်စပ် စည်းမျဉ်း အနီးက သမင်တွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နယ်နိမိတ်ကို မဖြတ်ကြဘူးလို့ နှစ်နိုင်ငံ သုတေသီတွေက ပြောပါတယ်။

အရင်က လျှပ်စစ်ဓာတ် လွှတ်ထားလို့ ဖြတ်ကျော်လို့ မရတဲ့ နယ်စပ် စည်းမျဉ်းက သမင် သုံးရာကျော်ကို လေ့လာရာမှာ စစ်အေးကာလ ပြီးဆုံးပြီးမှ မွေးလာတဲ့ သမင်တွေဟာလည်း အခု နယ်နိမိတ် ပြန်ဖွင့်နေသည့် တိုင်အောင် နယ်စပ်ကို ဖြတ်မကူးကြဘူးလို့ ဆိုပါတယ်။

သမင်တွေဟာ တစ်နှစ်သားလောက် အထိ မသွားရတဲ့ နေရာတွေကို မိခင်ဆီက အတုခိုး သင်ယူထားတဲ့အတိုင်း အစဉ်အဆက် လိုက်နာနေကြတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ