ဂျွန်ပေါလ်ကို ရဟန္တာ အဖြစ် စာရင်းသွင်း

vatican ဓာတ်ပုံ မူပိုင် AP
Image caption ဂျွန်ပေါလ် ပုံ ကိုင်ဆောင်လာတဲ့ ပိုလန် ဘုရားဖူးများ

ဒီကနေ့မှာ ကက်သလစ် ရောမကျောင်းတော် ကနေ ကွယ်လွန်လေပြီ ဖြစ်တဲ့ ပုပ်ရဟန်း မင်းကြီး ဟောင်း ၂၃ ယောက်မြောက် ဂျွန်နဲ့ ဒုတိယမြောက် ဂျွန်ပေါလ် တို့ကို သူတော်စင် တွေ အဖြစ် ကြေညာ ခဲ့ပါတယ်။

ကမ္ဘာတလွှားက ကက်သလစ် ဘာသာဝင် အများအပြား ရောမမြို့ကို လာရောက် နေကြပြီး လူတသန်းလောက် ရှိပါတယ်။

ဒီလူအုပ်ကြီးကို ထိန်းသိမ်း နိုင်အောင် အာဏာပိုင် တွေ အင်နဲ့အားနဲ့ လုံခြုံရေး ဆောင်ရွက် နေကြရပါတယ်။

ဒီအခမ်းအနားကို လာတက်ကြ သူတွေထဲမှာ နိုင်ငံတကာက အကြီးအကဲတွေနဲ့ အစိုးရ ခေါင်းဆောင် တွေလည်း ၂ဝ ကျော် ရှိပါတယ်။

ပုပ်ရဟန်းမင်းကြီး အဖြစ်က အနားယူပြီးနောက် လူအများ မြင်ကွင်းထဲ တွေ့ရလေ့ မရှိဘဲ ဗာတီကန် နန်းတော် မှာပဲ တိတ်ဆိတ်စွာ နေခဲ့တဲ့ ပုပ်ရဟန်းမင်းဟောင်း ဘင်နီဒစ် လည်း ဒီပွဲမှာ လက်ရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နဲ့အတူ ဒီ သူတော်စင် ကြေညာပွဲကို ဦးဆောင် ကျင်းပ ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ