ရေအောက် ရှာဖွေရေး တိုးမြှင့် လုပ်ဆောင်မယ်

ဓာတ်ပုံ မူပိုင် REUTERS
Image caption စက်ရုပ် ရေငုပ် ရှာဖွေရေးယာဉ်ကို ရေချဖို့ ပြင်ဆင်စဉ်။

ပြီးခဲ့တဲ့ ၅၂ ရက်က ပျောက်ဆုံးသွားတဲ့ မလေးရှား လေယာဉ်ကို ရှာဖွေရေး ဆောင်ရွက်နေမှုတွေဟာ နောက်ထပ် အခြအနေသစ် တစ်ခုကို ရောက်ရှိနေပြီလို့ သြစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောပါတယ်။

အိန္ဒိယ သမုဒ္ဒရာ ရေပြင်မှာ လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစတွေကို တွေ့ဖို့ရာ ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်နေပြီး သမုဒ္ဒရာ ရေအောက် ရှာဖွေရေးကိုသာ နေရာတိုးမြှင့်ပြီး အားထုတ် လုပ်ဆောင်ရမယ်လို့ မစ္စတာ တိုနီ အက်ဘော့က ပြောပါတယ်။

စက်ရုပ် ရေငုပ် သင်္ဘောငယ်တွေနဲ့ ရေအောက် ရှာဖွေရေးတွေကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပြီး လနဲ့ချီ ကြာမြင့်နိုင်ပါတယ်။

ဒီပျောက်ဆုံးသွားခဲ့တဲ့ MH 370 လေယာဉ်မှာ လူပေါင်း ၂၃၉ ဦး လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ