Homs မြို့ ဖောက်ခွဲမှုတွေကြောင့် ၃၇ ဦး သေဆုံး

ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ခိုက်မှုတွေကြောင့် ပျက်စီးနေတဲ့ ဟုမ်းစ်မြို့ တစ်နေရာ

ဆီးရီးယားနိုင်ငံ ဟုမ်းစ် မြို့က အလာဝိုက်တွေ အများစုနေတဲ့ ရပ်ကွက်တခုမှာ ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၇ ဦး သေဆုံးသွားကြောင်း အစိုးရ အရာရှိတွေက ပြောပါတယ်။

ကားဗုံးခွဲမှု တစ်ခု အပါအဝင် ဖောက်ခွဲ တိုက်ခိုက်မှုတွေကြောင့် တခြားလူ အတော်များများလည်း ဒဏ်ရာ ရရှိသွားကြပါတယ်။

အစောပိုင်းတုန်းကလည်း မြို့တော် ဒမားစကပ်က ကောလိပ်ကျောင်း ပရဝုဏ် တခုအတွင်း မော်တာနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးပြီး လူ ၈၀ ကျော် ဒဏ်ရာ ရရှိသွားပါတယ်။

အစိုးရကတော့ ဒီ တိုက်ခိုက်မှုတွေဟာ သူပုန်တွေရဲ့ လက်ချက်လို့ အပြစ်တင်ထားပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ သမ္မတ ဘာရှာ အာဆတ် ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံဖို့ စာရင်းသွင်းအပြီး နောက်တစ်နေ့မှာ အခုလို ဆက်တိုက် ဖြစ်ပွားလာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ