ဒမတ်စကတ်မှာ မော်တာနဲ့ ပစ်ခတ်၊ ၁၄ ဦး သေ

ဓာတ်ပုံ မူပိုင် AFP
Image caption ကောလိပ်ဝင်း အတွင်း ကျရောက် ပေါက်ကွဲခဲ့တဲ့ မော်တာ ကျည်ခွံ တစ်ခု။

ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စကတ်မှာ မော်တာနဲ့ ပစ်ခတ် တိုက်ခိုက်မှု တွေကြောင့် အနည်းဆုံး ၁၄ ဦး သေဆုံးပြီး လူ ၈၀ ကျော် ဒဏ်ရာ ရရှိသွားတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ထိခိုက် သေဆုံးသူ အများစုဟာ ကောလိပ်တစ်ခုက ကျောင်းသားတွေ ဖြစ်ပြီး၊ အဲဒီ ကောလိပ်မှာ ဗုံးဆံ ၂ ခု ကျရောက် ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

အစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ သူပုန်တွေရဲ့ လက်ချက်လို့ ပြစ်တင် ပြောဆိုပါတယ်။

မြေပြင်ပေါ်မှာ သွေးစွန်းနေတဲ့ ဓာတ်ပုံတွေကိုလည်း အစိုးရ ရုပ်သံကနေ ပြသသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ