ယူကရိန်း စစ်တပ် ရုပ်သိမ်းဖို့ ပူတင် တောင်းဆို

ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း အရှေ့ပိုင်းအရေး စေ့စပ် ညှိနှိုင်းဖို့ တောင်းဆိုတဲ့ ပူတင်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်း အရှေ့တောင်ပိုင်းက ယူကရိန်း စစ်တပ် တွေကို ရုပ်သိမ်းဖို့နဲ့ ယူကရိန်း ပြဿနာကို စေ့စပ် ဆွေးနွေးရေး နည်းနဲ့ စတင် အဖြေရှာဖို့ တောင်းဆိုလိုက်ပါတယ်။

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်နဲ့ တယ်လီဖုန်းက တဆင့် ဆက်သွယ် ပြောဆိုရာမှာ အခုလို ပြောဆိုခဲ့တာလို့ ရုရှား သမ္မတ ရုံးက ပြောပါတယ်။

ယူကရိန်း အရှေ့ပိုင်းမှာ ရုရှား လိုလားသူတွေ ဖမ်းဆီးထားတဲ့ OSCE ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က စောင့်ကြည့် လေ့လာသူတွေ ပြန်လွှတ်ပေးရေးမှာ သမ္မတ ပူတင်က ကူညီဖို့ ဂျာမန် ဝန်ကြီးချုပ်က ဖုန်းဆက် ပြောဆိုခဲ့တာပါ။

ယူကရိန်း နိုင်ငံသား ၅ ယောက် အပါအဝင် OSCE အဖွဲ့၀င် ၁၂ ယောက်ကို ရုရှားလိုလားသူတွေက Sloviansk မြို့မှာ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ