စစ်မှုမထမ်းမနေရ ယူကရိန်းမှာ ပြန်ပြဌာန်း

ukraine_army_promo ဓာတ်ပုံ မူပိုင် AFP
Image caption ယူကရိန်း စစ်တပ် လှုပ်ရှားစဉ်

ယူကရိန်း အရှေ့ပိုင်း နဲ့ တောင်ပိုင်း ဒေသတွေ မှာ၊ ပိုမို ယိုယွင်းလာလျက် ရှိတဲ့ လုံခြုံရေးကို၊ ကိုင်တွယ် ထိန်းသိမ်းနိုင် ဖို့ ဆိုကာ၊ ယူကရိန်း ယာယီ သမ္မတ အိုလက်ဇန္ဒြာ တူချီနော့ဗ် က၊ ချက်ခြင်း အသက်ဝင်စေ တဲ့၊ စစ်မှု မထမ်း မနေရ ဥပဒေကို ပြန်လည် ပြဌာန်း လိုက်ပါတယ်။

ရုရှားလိုလားသူ လက်နက်ကိုင် အုပ်စုတွေ ထကြွလာခဲ့ကြပြီး၊ အစိုးရ အုပ်ချူပ်ရေး ရုံးတွေကို သိမ်းပိုက်ထားမှုဟာ၊ ယူကရိန်းနိုင်ငံ နယ်မြပိုင်နက် တည်တံ့နိုင်ရေးကို ခြိမ်းခြောက်လာခဲ့တယ် ဆိုပြီး၊ ထုတ်ပြန်ချက်ထဲ ပါဝင်ပါ တယ်။

စစ်မှု မထမ်း မနေရ ဥပဒေ ကို ယူကရိန်း နိုင်ငံ မှာ ရုတ်သိမ်းထားခဲ့ တာ၊ လအနည်းငယ်ပဲ ကြာပါသေး တယ်။ အခုလို ပြန်လည် ပြဌာန်း လိုက်တဲ့ အခါ၊ လူ ဘယ်နှစ်ယောက် စစ်မှုထမ်း ဖို့ ဆင့်ခေါ်ခံရမလဲ၊ ဘယ်အချိန် မှာ၊ ဘယ်နေရာတွေ မှာ၊ တာဝန်ချ မလဲ ဆိုတဲ့ မေးခွန်းတွေ ပေါ်ထွက် လာနေတယ် လို့၊ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

ဒီအချိန်မှာပဲ၊ ယူကရိန်း အရှေ့ပိုင်း Donetsk မြို့မှာ၊ ရုရှားလိုလားသူတွေဟာ၊ ဒေသ တရားရေးရုံးကို ဝင်ရောက် စီးနင်း သိမ်းပိုက်လိုက်ကြပါတယ်။

လူအုပ်ကြီးဟာ ရဲတပ်ဖွဲ့ဝင်တွေကို ကျောက်ခဲများနဲ့ ပစ်ပေါက်ကာ၊ အဲဒီ့ ရုံးအဆောက်အဦထဲ ဝင်ရောက်သွားခဲ့ကြပြီး၊ Donetsk ပြည်သူ့ သမ္မတ နိုင်ငံတော် အလံလို့ သူတို့ ခေါ်ဝေါ်တဲ့ အလံ လွှင့်ထူလိုက်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ