ယူကရိန်း စစ်ဆင်မှု ချက်ချင်းရပ်ဖို့ ရုရှား ဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှား လိုလားသူတွေ ထိန်းချုပ်ထားတဲ့ Slaviansk မြို့က စခန်းတစ်ခု

ရုရှား လိုလားသူတွေ အပေါ် စစ်ဆင်မှုဟာ အန္တရာယ် ဆိုးကြီးဆီကို ဦးတည်သွားနိုင်ပြီး ချက်ချင်း ရပ်တန်းက ရပ်သင့်တယ်လို့ ရုရှား အစိုးရက သတိပေး လိုက်ပါတယ်။

တစ်ခုပြီး တစ်ခု ထုတ်ပြန်တဲ့ ရုရှား ခေါင်းဆောင်တွေရဲ့ ပြင်းထန်တဲ့ ကြေညာချက်တွေ ထဲမှာ ယူကရိန်း နိုင်ငံဟာ ပြီးခဲ့တဲ့ လက ရခဲ့တဲ့ ပဋိပက္ခ ပြေလည်ရေး ရည်ရွယ်တဲ့ ဂျီနီဗာ သဘောတူညီချက် အတွက် နောက်ဆုံး မျှော်လင့်ချက်ကို ရိုက်ချိုး ပစ်ခဲ့တယ် လို့လည်း ပြောထားပါတယ်။

ကရင်မလင် နန်းတော် ပြောရေးဆိုခွင့် ရှိသူ Dmitry Peskov က တင်းမာမှုတွေ ပြေလျော့စေရေး ရုရှားက ကြိုးပမ်း နေချိန်မှာ ယူကရိန်း အစိုးရက အေးချမ်းတဲ့ လူမှု အသိုက်အဝန်းကို လက်တုန့်ပြန် စီးနင်း တိုက်ခိုက်မှုတွေ လုပ်နေတယ်၊ အရပ်သားတွေ နေတဲ့ နေရာတွေကို လေကြောင်းသုံး တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ ပြောပါတယ်။

သမ္မတ ပူတင်က ဆွေးနွေးမှုတွေ လုပ်ဖို့ သူ့ကိုယ်စားလှယ် တစ်ယောက်ကို ယူကရိန်း အရှေ့တောင်ပိုင်းဆီ စေလွှတ်မယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ