ယူကရိန်းအရေး ထပ်ဆွေးနွေးဖို့ ရုရှား ငြင်းဆို

ဓာတ်ပုံ မူပိုင် Reuters
Image caption ယူကရိန်း အစိုးရကို ဆန့်ကျင်သူတွေ မပါဘဲ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ လက်ဗ်ရော့ဗ် ပြော

ယူကရိန်း နိုင်ငံရဲ့ တင်းမာမှုတွေကို ပြေလျော့စေဖို့အတွက် နောက်ထပ် နိုင်ငံတကာ ဆွေးနွေးပွဲကို ယူကရိန်း အတိုက်အခံတွေ မပါဘဲ လုပ်မယ်ဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်ဘူးလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီ ဆာဂေ လက်ဗ်ရော့ဗ်က ပြောလိုက်ပါတယ်။

သြစတြီးယား နိုင်ငံ ဗီယင်နာ မြို့မှာ ဥရောပ ကောင်စီ အစည်းအဝေး အပြီး သတင်းထောက်တွေကို ပြောကြားရာမှာ မစ္စတာ လက်ဗ်ရော့ဗ်က ကိယက်ဗ် အာဏာပိုင်တွေဟာ တချို့နေရာတွေမှာ စစ်တပ်တွေ ချထားပြီး မေလ ၂၅ ရက်နေ့မှာ ပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲကို အတင်း ရှေ့တိုး ဆောင်ရွက်မယ်ဆိုရင် နည်းလမ်းမကျတဲ့ လုပ်ဆောင်မှု ဖြစ်မှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

အိမ်နီးချင်း ယူကရိန်းမှာ မတည်မငြိမ် ဖြစ်အောင် ရုရှားတို့က ကြိုးပမ်း ဆောင်ရွက် နေတယ်ဆိုတဲ့ စွပ်စွဲ ချက်တွေကို တုံ့ပြန်ရာမှာလည်း သူက မော်စကို အနေနဲ့ ယူကရိန်း အစိုးရ အပြောင်းအလဲ ဖြစ်ဖို့ ဘာမှ လုပ်ခဲ့ခြင်း မရှိဘူးလို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ