စလိုဗီယန့်စ်မြို့ တိုက်ပွဲ သတင်း ထုတ်ပြန်

ဓာတ်ပုံ မူပိုင် AP
Image caption ယူကရိန်း သံချပ်ကာယာဉ် ၂စီး Sloviansk မြို့ပြင်မှာ ပိတ်ဆို့ထားစဉ်။

ယူကရိန်း နိုင်ငံ အရှေ့ဘက်ပိုင်းက သူပုန်တွေ ခြေကုပ်ယူထားတဲ့ စလိုဗီယန့်စ်မြို့ တိုက်ပွဲ အခြေနေနဲ့ ပတ်သက်ပြီး ယူကရိန်း ပြည်ထဲရေး ဝန်ကြီး အာဆန် အဗာကို့ဗ်က နောက်ထပ် အသေးစိတ် သတင်းတွေကို ထုတ်ပြန်လိုက် ပါတယ်။

စနေနေ့က စတင် ဖြစ်ပွားခဲ့တဲ့ အပြန်လှန် တိုက်ခိုက်မှုတွေ အတွင်း ရုရှား လိုလားသူ တိုက်ခိုက်ရေးသမား ၃၀ ကျော်နဲ့ အစိုးရ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားတယ်လို့ ပြောပါတယ်။

ရုရှား လိုလားသူတွေ ဘက်မှာ လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ တိုက်ခိုက်ရေးသမား ၈၀၀ လောက် အထိ ပါတယ်လို့လည်း ပြောပါတယ်။

စလိုဗီးယန့် မြို့ထဲက လာတဲ့ သတင်းတွေ အရ မြို့ခံတွေဟာ အစားအသောက်တွေ စုဆောင်းနေပြီး လမ်းတွေ အားလုံးလိုလိုမှာ အကာအရံတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ