အဂတိမှု တားဖို့ ပျက်ကွက်လို့ ယင်လပ်ကို အမိန့်ချ

ဓာတ်ပုံ မူပိုင် Getty
Image caption ဖွဲ့စည်းပုံ တရားရုံးရဲ့ ရာထူးချမှုကို ခံလိုက်ရတဲ့ ယင်လတ်

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်ကို အာဏာ အလွဲသုံးမှုနဲ့ ဖွဲ့စည်းပုံ တရားရုံးကနေ တာဝန်က ဖယ်ရှားခဲ့ပြီး နောက်တစ်နေ့မှာပဲ ယင်လပ် ရှင်နာဝပ်ဟာ စပါး အပေါင်ခံတဲ့ စီမံကိန်းမှာ အဂတိ လိုက်စားမှုတွေ ရှိတာကို တားမြစ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမိန့်ချ လိုက်ပါတယ်။

ဒီအမိန့်ကို အထက်လွှတ်တော်က အတည်ပြုတယ် ဆိုရင် ယင်လပ် ရှင်နာဝပ် အနေနဲ့ နိုင်ငံရေး လုပ်ကိုင်ခွင့် ၅ နှစ် ပိတ်ပင်ခံရဖို့ ရှိပါတယ်။

ယင်လပ် ရှင်နာဝပ်ကို ဖြုတ်ချခဲ့တဲ့ ကိစ္စကို မကျေနပ်မှုတွေ ရှိခဲ့ပြီး မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဖွဲ့စည်းပုံ ခုံရုံး ဥက္ကဋ္ဌ နေအိမ် အပါအဝင် အနည်းဆုံး ၃ နေရာမှာ တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ