ယူကရိန်း အရှေ့ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆန္ဒခံမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption Donetsk မြို့က ရုရှားလိုလားသူတွေ ဆန္ဒခံယူပွဲအတွက် ပြင်ဆင်နေ

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ ရက်ရွှေ့ဆိုင်းဖို့ ပြောဆိုမှုကို လစ်လျူရှုပြီး ယူကရိန်း အရှေ့ပိုင်းက ရုရှားလိုလားသူတွေဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်အတွက် ဆန္ဒခံယူပွဲကို လာမယ့် တနင်္ဂနွေနေ့မှာ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒီကိစ္စကို Donetsk နဲ့ Luhansk မြို့တွေက ခွဲထွက်ရေး ခေါင်းဆောင်တွေဟာ သူတို့ကို ထောက်ခံသူတွေနဲ့ ဆွေးနွေး တိုင်ပင်အပြီး ကြေညာခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း အစိုးရ ကတော့ ဒီမဲခွဲ ဆုံးဖြတ်မှုဟာ တရားမဝင်ဘူး၊ ဒါဟာ ယူကရိန်း အရှေ့ပိုင်းက အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်မှုကို ဆက်လက် ဖြစ်စေလိမ့်မယ်လို့လည်း ပြောပါတယ်။

Mariupol မြို့မှာတော့ ရုရှား လိုလားသူတွေ သိမ်းပိုက်ခဲ့တဲ့ ကောင်စီရုံး အဆောက်အဦကို လက်နက်ကိုင် ယူကရိန်း တပ်ဖွဲ့တွေက ထပ်မံ ထိန်းချုပ်ထားလိုက်ပြန်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ