တောင်ဆူဒန် သမ္မတ သူပုန်ခေါင်းဆောင်နဲ့ တွေ့မယ်

ဓာတ်ပုံ မူပိုင် AFP
Image caption သက်တမ်းအနုဆုံး တိုင်းပြည်မှာ အစိုးရနဲ့ သူပုန်တပ်တွေ ဒီဇင်ဘာက စတင် တိုက်ခိုက်

တောင်ဆူဒန် သမ္မတ ဆယ်လ်ဗာ ကီးယားနဲ့ သူပုန် ခေါင်းဆောင် ရီယက် မာချာတို့ဟာ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ အတွက် အီးသီယိုပီးယား နိုင်ငံ မြို့တော် အဒစ် အဘာဘာကို ရောက်ရှိ နေကြပါတယ်။

ဒီတွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက တောင်ဆူဒန် နိုင်ငံတလွှား တိုက်ခိုက်မှုတွေ စတင် ဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး အကြိမ် တွေ့ဆုံမှု ဖြစ်ပါတယ်။

ဒုတိယ သမ္မတ ဖြစ်ခဲ့တဲ့ မစ္စတာ မာချာဟာ အာဟာသိမ်းဖို့ ကြံစည်တယ်ဆိုပြီး စွပ်စွဲခံရပြီးနောက် တိုက်ခိုက်မှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

အဒစ် အာဘာဘာ မြို့ကို ဆိုက်ရောက်စဉ် သမ္မတ မာချာက တောင်ဆူဒန်မှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်လာမယ် ဆိုတာကို သူ အနေနဲ့ ယုံကြည်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အစိုးရတပ်ဖွဲ့တွေက သူပုန်စခန်းတွေကို ဆက်လက် တိုက်ခိုက်နေမှုဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အကျိုးရှိစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တောင်ဆူဒန်မှာ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရပြီး ၁ သန်းကျော်ဟာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ