မာရီပိုမြို့မှာ တိုက်ပွဲဖြစ် လူအချို့ သေဆုံး

ဓာတ်ပုံ မူပိုင် Reuters
Image caption မာရီပိုမြို့ ရဲဌာနချုပ် မီးလောင်နေစဉ်။

ယူကရိန်းနိုင်ငံ မာရီပို Mariupol မြို့မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ ရုရှား လိုလားတဲ့ တက်ကြွသူတွေ အကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ လူအတော်များများ သေဆုံးသွားတယ်လို့ ယူကရိန်း အရှေ့ဘက်က လာတဲ့ သတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်မှု အဓိက ဖြစ်ပွားခဲ့တဲ့ နေရာ တစ်ခုကတော့ မြို့ရဲဌာနချုပ် ဖြစ်ပြီး အခုလက်ရှိ အဲဒီ ရဲဌာနချုပ်မှာ မီးလောင်နေပါတယ်။

အင်တာနက် လူမှုကွန်ယက်တွေမှာ တင်ထားတဲ့ ဗီဒီယိုတွေအရ မာရီပို မြို့လယ်မှာ ယူကရိန်း တပ်ဖွဲ့တွေက သံချပ်ကာကားတွေ ချထားတာကို တွေ့ရပါတယ်။

ဒါဟာ ဒွန်းညက်စ် ဒေသအတွင်းမှာ ရှိတဲ့ မာရီပို မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းချက် ဖြစ်နိုင်ပါတယ်။

ဒွန်းညက်စ် ဒေသက ခွဲထွက်ရေးသမားတွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရေးအတွက် လာမယ့် တနင်္ဂနွေနေ့ကျရင် သူတို့ဘာသာ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ