ကျောင်းသူတွေကို ဘိုကိုဟာရမ် ဗီဒီယိုမှာ ဖော်ပြ

ဓာတ်ပုံ မူပိုင် AFP
Image caption ပြန်ပေး ကျောင်းသူတွေလို့ ယူဆရသူတွေကို ဗီဒီယိုမှာ တွေ့ရစဉ်။

နိုင်ဂျီးရီးယား နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်း ၄ ပတ်က ဘိုကိုဟာရမ် အဖွဲ့ကနေ ပြန်ပေးဆွဲ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ကျောင်းသူတွေလို့ ယူဆရတဲ့ ကျောင်းသူတွေထဲက အယောက် ၁၀၀ ကျော်ကို အဲဒီ စစ်သွေးကြွ အဖွဲ့က ဗီဒီယိုကနေ တဆင့် ထုတ်ဖော် ပြသ လိုက်ပါတယ်။

ကျောင်းသူတွေ အာလုံးဟာ ပုဝါတွေကို ခေါင်းကနေ တစ်ကိုယ်လုံးပြည့် ခြုံထားကြပြီး အပြင်ဘက် မြေကြီး ပေါ်မှာ ထိုင်နေကြကာ ကိုရမ် ကျမ်းရဲ့ ပထမ စာပိုဒ်ကို အလွတ်ရွတ်နေကြတာကို တွေ့ရပါတယ်။

အဲဒီထဲက ကျောင်းသူ ၃ ဦးကတော့ ကင်မရာကို ကြည့်ပြီး စကားပြောခဲ့ကြပါတယ်။

အဲဒီလို ပြောရာမှာ ၂ ဦးက သူတို့ဟာ ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်ခဲ့ပြီး အခုတော့ အစ္စလာမ် ဘာသာကို ကူးပြောင်းလိုက်တယ်လို့ ပြောပါတယ်။ ကျန်တစ်ဦးကတော့ သူမဟာ မွတ်ဆလင် ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့တတွေ ထိခိုက် အနာတရ မရှိခဲ့ဘူးလို့လည်း ကျောင်းသူတစ်ဦးက ပြောပါတယ်။

ဘိုကိုဟာရမ် အဖွဲ့ ခေါင်းဆောင် Abubakar Shekau က ဖမ်းဆီးခံထားရတဲ့ သူတို့ အဖွဲ့ဝင်တွေကို လွှတ်ပေးမှသာ ဒီကျောင်းသူတွေကို ပြန်လွှတ် ပေးမယ်လို့ ဗီဒီယိုကနေ တဆင့် ကြေညာ ပြောဆိုသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ