မဲရလဒ်အတိုင်း ဆောင်ရွက်ဖို့ ယူကရိန်းကို ရုရှား ဆို

ဓာတ်ပုံ မူပိုင် Getty
Image caption ပြည်သူအများစု မဲပေးခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ သတင်းထောက်တွေက ဆို

ယူကရိန်း အရှေ့ပိုင်း ဒေသတွေမှာ ရုရှား လိုလား သူတွေ ပြုလုပ်ခဲ့တဲ့ အငြင်းပွားဖွယ် ခွဲထွက်ရေး ဆန္ဒခံယူပွဲ ရလဒ်တွေကို အပြီးသတ် အကောင် အထည်ဖော် ဆောင်ရွက်ဖို့ ရုရှားနိုင်ငံက ယူကရိန်းကို ပန်ကြား လိုက်ပါတယ်။

ဆန္ဒခံယူပွဲမှာ မဲပေးသူ များပြားလှပြီး သူတို့တွေဟာ ကိုယ့် ကြမ္မာကိုယ် ဖန်တီးဖို့ကို အပြတ်အသတ် ထောက်ခံမဲ ပေးခဲ့ကြတယ်လို့ ဆန္ဒခံယူပွဲ ဦးစီး ကျင်းပသူတွေက ပြောပါတယ်။

ဒါပေမယ့် သတင်းထောက်တွေ ပြောတာကတော့ ပြည်သူ အများစု မဲပေးခဲ့ကြတယ် ဆိုတာတော့ ဖြစ်နိုင်ခြေ မရှိလှဘူးလို့ ဆိုပါတယ်။

ရုရှား လိုလားသူတွေနဲ့ ယူကရိန်း အစိုးရအကြား တွေ့ဆုံ စကားပြောဖို့ကို ရုရှားတို့က ထပ်မံ တောင်းဆိုလိုက်ပြီး အဲဒီလို တွေ့ဆုံတဲ့အခါ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့လည်း ပါဝင်ဖို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ