အိုးအိမ်စွန့်ခွာရသူ ဦးရေ တိုးလာဟု ကုလ ပြော

ဓာတ်ပုံ မူပိုင် AFP
Image caption မနှစ်က အိုးအိမ်စွန့် ပြေးရသူ မှန်းခြေ ၃၃ သန်းရှိ

ကမ္ဘာပေါ်မှာ နိုင်ငံတွင်း ဖြစ်တဲ့ ပဋိပက္ခ တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူ အရေအတွက်ဟာ အရင်ကထက် ပိုများလာ တယ်လို့ ကုလသမဂ္ဂက ထုတ်ဖော် ပြောလိုက် ပါတယ်။

၂၀၁၃ ခုနှစ်က အိုးအိမ်စွန့် ထွက်ပြေးခဲ့ကြရသူ ဦးရေဟာ ခန့်မှန်းခြေ ၃၃ သန်း ရှိပြီး ဒီအရေအတွက်ဟာ ၂၀၁၂ ခုနှစ်ကထက် ၄ သန်းခွဲ ပိုများလာတာ ဖြစ်ပါတယ်။

အဲဒီ အရေအတွက်ထဲက ထက်ဝက်ကျော်ဟာ ဆီးရီးယား၊ ကိုလံဘီယာ၊ နိုင်ဂျီးရီးယား၊ ကွန်ဂိုနဲ့ ဆူဒန် စတဲ့ ၅ နိုင်ငံက ဖြစ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ