လာအို စစ်လေယာဉ် ပျက်ကျ

ဓာတ်ပုံ မူပိုင် AP
Image caption ကာကွယ်ရေး ဝန်ကြီးနဲ့ ဇနီးတို့ သေဆုံး သွား တယ်လို့ လာအို သတင်း အေဂျင်စီက ပြော

လာအို ကာကွယ်ရေး ဝန်ကြီးနဲ့ တခြား ထိပ်တန်း အရာရှိတွေ ပါလာတဲ့ စစ်လေယာဉ် တစင်း လာအို နိုင်ငံ မြောက်ပိုင်းမှာ ပျက်ကျ သွားပါတယ်။

လေယာဉ်ပေါ်မှာ လူပေါင်း ၂၀ လောက် လိုက်ပါ သွားတာ ဖြစ်ပြီး၊ ကာကွယ်ရေး ဝန်ကြီးနဲ့ ဇနီး ဖြစ်သူ တို့ ကတော့ သေဆုံးသွား တယ်လို့ လာအို သတင်း အေဂျင်စီက ပြောပါတယ်။

တခြား ထိပ်တန်း အရာရှိ ၃ ဦး သေးဆုံး သွားတယ် ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။

တစုံ တဦး အသက်ရှင် ကျန် သလား ဆိုတာ ကိုတော့ မသိရသေးပါ။

လေယာဉ်ဟာ လာအို မြို့တော် Vientiane ကနေ စတင် ပျံတက် ခဲ့တာ ဖြစ်ပြီး Xiang Khouang ပြည်နယ်ကို အသွား လမ်း ခုလတ်မှာ ပျက်ကျ သွားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ