အိန္ဒိယ ဝန်ကြီးချုပ်သစ် မိုဒီ ကျမ်းသစ္စာ ကျိန်ဆိုမယ်

ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်ပေါင်း ၃၀ အတွင်း အပြတ်အသတ် အနိုင်ရခဲ့သူ BJP ခေါင်းဆောင် မိုဒီ

အိန္ဒိယ နိုင်ငံမှာ ဟိန္ဒူ အမျိုးသားရေး ပါတီ BJP က သူတို့ ခေါင်းဆောင် နာရင်ဒရာ မိုဒီဟာ ဝန်ကြီးချုပ် အဖြစ် တနင်္လာနေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုမယ်လို့ ကြေညာလိုက် ပါတယ်။

အိန္ဒိယ နိုင်ငံ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရအောင် ဦးဆောင်နိုင်ခဲ့သူ အငြင်းပွားစရာ နိုင်ငံရေးသမား မစ္စတာ မိုဒီက အဲဒီနေ့မှာပဲ အစိုးရအဖွဲ့ ဖွဲ့စည်းလိမ့်မယ်လို့ မျှော်လင့် နေကြပါတယ်။

စောစောပိုင်းကတော့ မစ္စတာ မိုဒီက သူ့ရဲ့ အောင်မြင်မှုကို ဝမ်းသာစကား ပြောခဲ့တဲ့ အိန္ဒိယ သမ္မတ Pranab Mukherjee နဲ့ တွေ့ဆုံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ BJP ပါတီဟာ နှစ် ၃၀ အတွင်း အိန္ဒိယမှာ ပထမဆုံး အကြိမ် အပြတ်အသတ် အနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ