ထိုင်း စစ်ဦးစီးချုပ်နဲ့ နိုင်ငံရေးသမားတွေ တွေ့ဆုံ

ဓာတ်ပုံ မူပိုင် AP
Image caption ဘန်ကောက်မြို့ Army Club မှာ လုပ်တဲ့ စစ်တပ်နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ တွေ့ဆုံပွဲ

ထိုင်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ ထိုင်း နိုင်ငံရေး သမားတွေရဲ့ ဒီကနေ့ အရေးပေါ် အစည်း အဝေးဟာ တစုံတရာ သဘောတူညီချက် မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

ထိုင်းနိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းရေး နည်းလမ်းရှာကြဖို့ ထိုင်း စစ်ဦးစီးချုပ် ပရာယု ချန် အိုချာက တွေ့ဆုံပွဲ တက်ရောက် လာသူတွေကို အိမ်မပြန်ခင်မှာ ပြောလိုက်တယ်လို့ ဆိုပါတယ်။

မနေ့တုန်းက အာဏာသိမ်းတယ်လို့ မကြေညာပေမယ့် စစ်အုပ်ချုပ်ရေးကို ပူပူနွေးနွေး ထုတ်ပြန် ကြေညာခဲ့တဲ့ စစ်ဖက်ခေါင်းဆောင်က ဆန္ဒပြအဖွဲ့ နှစ်ခုက ခေါင်းဆောင်တွေ၊ အတိုက်အခံနဲ့ အစိုးရ ကိုယ်စားလှယ်တွေကို ခုလို ခေါ်တွေ့ခဲ့တာ ဖြစ်ပါတယ်။

လေ့လာသူတွေကတော့ ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေး အာဏာကို ဘယ်သူက ထိန်းချုပ်ထားလဲ ဆိုတာ မကွဲပြားဘူး ဖြစ်နေတယ်လို့ သုံးသပ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ