တရုတ် ရှင်ဂျန်း ဗုံးကွဲပြန်

china ဓာတ်ပုံ မူပိုင် Xinhua
Image caption ဗုံးကွဲမှုကြောင့် မီးလောင် ပေါက်ကွဲ

တရုတ်ပြည် အနောက်ပိုင်း ရှင်ဂျန်း ပြည်နယ် က စျေးထဲမှာ ဗုံးကွဲလို့ လူ ၃ဝ ကျော် သေကြေ ပျက်စီး ခဲ့ပြီး အနည်းဆုံး ၉ဝ လောက် ဒဏ်ရာရ သွားပါတယ်။

စျေးလမ်းထဲ ဝင်လာတဲ့ ကား ၂ စီး ပေါ်ကနေ ဖောက်ခွဲရေး ပစ္စည်း တွေ ပစ်ချ ခဲ့ပြီး ကားတစီး ပေါက်ကွဲ ခဲ့ပါတယ်။

မီးတောက်ကြီး တွေနဲ့ မီးခိုးလုံးကြီးတွေ မည်းတက် လာတဲ့ ပုံတွေ အင်တာနက် မှာ ဖော်ပြ ထားပါတယ်။

ရှင်ဂျန်း ပြည်နယ် မြို့တော် အူရုမ်ဂျီမှာ ဖြစ်ပွားတဲ့ ဒီပေါက်ကွဲမှု ကို အကြမ်းဖက် လုပ်ရပ် အဖြစ် အစိုးရ က ဖော်ပြ ခဲ့ပါတယ်။

ဒီနယ်မြေမှာ ဝီဂါ မွတ်ဆလင် မျိုးနွယ်တွေ အများစု နေထိုင် ကြပြီး ဒီတိုက်ခိုက်မှု ကြောင့် သူတို့ပေါ် ဖိနှိပ်မှုတွေ မတိုးမြှင့်ဖို့ ကမ္ဘာ့ ဝီဂါ ကွန်ဂရက်က တရုတ် အစိုးရကို တောင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ